နီးနီးလေး ဝေးနေကြတဲ့မြို့

အသံမထွက်တတ်ရုံနဲ့ ဒီရင်
မခုံဘူးလို့ ခများကို ဘယ်သူပြောလဲ။
သူမ တစိမ်းတရံ ဆန်တဲ့မြို့လား။
သူမ ညှို့ချက်ပြင်းတဲ့ အရိုင်းပန်းတစ်ပွင့်လား။
နှင်းတွေ ခဲတဲ့ မြို့ကလေးမှာ ကိုယ့်မျက်ရည်တွေ ကျဲအောင် လုပ်ပစ်ခဲ့ဘူးတယ်။
တစ်ရက်မှာ တစ်ခါပဲ လွမ်းခွင့်ပေးသူရေ...
အသွားအပြန်မညီမျှမှုစက်ဝိုင်းထဲက တို့တတွေ၊
ညီစို့စို့အနံ့တွေ သင်းနေတဲ့ ကိုယ်တို့ ပတ်ဝန်းကျင်လေးကို
မလွမ်းတော့ဘူးလား။
တိတ်ဆိတ်နေတဲ့အသံတွေကို နားမထောင်တော့ဘူးလား။
ဒီည ကိုယ်တို့ ကပွဲရုံက အွန်လိုင်းပေါ်မှာ။ ။
နေသစ်မှူး (06/27/2010)
ဒီဝဘ်ဆိုဒ်လေးကို ကျွန်တော့်ဘ၀ အပြောင်းလဲကြီး ပြောင်းလဲရာ နိုဝင်ဘာ ၊၂၁၊ ၂၀၀၉ အမှတ်တရာအနေနဲ့ စတင် အွန်လိုင်းပေါ်တင်ပါတယ်။


