၁၉၈၁-ခုနှစ်ရဲ့ စက်တင်ဘာ ညခင်းတစ်ခုမှာ လူ စဖြစ်ခွင့်ရခဲ့တယ်။ ဘ၀ကို တစ်ရက် တစ်လုံး ပုံမှန်သောက်သုံးရင်း စိတ်ဓာတ်အညွန့်ကျိုးမှာစိုးတဲ့ ဓာတ်ခံနဲ့ လွယ်လွယ်အရှုံးမပေးတတ်ခဲ့ဘူး။ သူငယ်ချင်းတွေက ခေါင်းမာတယ်ပြောကြပေမယ့် ကျွန်တော်က နှလုံးသား နုညံ့လွန်းလို့ ခေါင်းမာအောင် လေ့ကျင့်ခဲ့ရသူပါ။ ကျွန်တော့အကြောင်း များများစားစားပြောစရာ မရှိပါဘူး။ အသက်(၁၂)နှစ်ထိ ရွာမှာ နေတယ်။ အသက် (၂၇)ထိ ရန်ကုန်မှာ တောခိုတယ်။ အခုတော့ ကမ္ဘာ့တစ်ဘက်ခြမ်းက နိုင်ငံတစ်ခုမှာ အမေနဲ့ရွာကို လွမ်းရင်း၊ ဘယ်တော့ ပြန်ဆုံကြမယ်မှန်း မသေချာသေးတဲ့ ညီမလေးသော်တာကို သတိရရင်း....
ကဗျာတွေ ဆွဲတယ်၊ ပန်းချီတွေ ရေးတယ်။ စာတွေ ...............။ ပြီးတော့ ငွေက ကျွန်တော့်ကို ရှာအောင် ကြိုးစားရင်း....။ ။
( တကယ်တော့ ဒီဝဘ်ဆိုဒ်လေးကို ကျွန်တော်လုပ်ဖြစ်တာက ကျွန်တော့်ရဲ့ ဘ၀သစ် စတင်တဲ့ နိုဝင်ဘာ (၂၁)၊ ၂၀၀၉ လေးကို အမှတ်တရဖြစ်အောင် စတင်လိုက်တာပါ။ ဒီဝဘ်ဆိုဒ်အတွက် လောလောဆယ် ခြောက်လပဲ အစမ်းဝယ်ထားခြင်း ဖြစ်ပြီး တကယ်လို့ ခြောက်လကျော်သွားလို့မှ www.naythithmuu.com လို့ ရိုက်ဖွင့်တိုင်း မပွင့်တော့ဘူး၊ ဘာမှ မတွေ့ရတော့ဘူးဆိုရင် သေချာပါတယ်၊ ကျွန်တော် ငွေမကုန်ချင်တော့လို့ ဖျက်ပစ်လိုက်တယ်လို့ပဲ မှတ်ယူတော်မူကြပါခများ) ကျေးဇူး။ :D